Myanmar

""

Myanmar

Introduction
The WFD Myanmar programme has now ended.

Westminster Foundation for Democracy (WFD) is the UK public body dedicated to supporting democracy around the world.

Westminster Foundation for Democracy (WFD) သည် ကမ္ဘာ့နေရာ အသီးသီးရှိ ဒီမိုကရေစီစနစ်ကို အစဉ်တစိုက် ပံ့ပိုးကူညီပေးသည့် ယူ‌‌ကေနိုင်ငံ၏ ပြည်သူပိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။

In 2016, WFD started a programme to provide technical and non-partisan support the Union-level Parliaments of Myanmar. All programme activities were suspended at the end of January 2021 and the country office closed at end of June 2021.

WFD သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုအဆင့် လွှတ်တော်များကို ပညာရပ်ဆိုင်ရာနှင့် ဘက်မလိုက် သော အကူအညီများ ပံ့ပိုးပေးနိုင်ရန်အတွက် လုပ်ငန်းအစီအစဉ်များကို ၂၀၁၆ ခုနှစ်မှစတင်၍ ဆောင် ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်‌ ဆောင်ရွက်နေသော လုပ်ငန်းအစီအစဉ်များအားလုံးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအကုန်မှစ၍ ဆိုင်းငံ့ထားခဲ့ပြီး WFD ၏ မြန်မာနိုင်ငံရုံးကို ၂၀၂၁ ခုနှစ် ဇွန်လအကုန်တွင် ပိတ်သိမ်းခဲ့ပါသည်။

The WFD Myanmar programme worked with legislators, parliamentary committees, parliamentary staff and civil society organisations to improve the technical capacity of Parliament, encourage legislators to engage effectively with the people they represent and promote better engagement between Parliament and civil society.

WFD ၏ မြန်မာနိုင်ငံအစီအစဉ်သည် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ် တော်ကော်မတီများ၊ လွှတ်တော်ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူး ပေါင်း၍ လွှတ်တော်၏ ပညာရပ်ဆိုင်ရာစွမ်းရည်ကိုမြှင့်တင်ရန်၊ လွှတ်တော် ကိုယ်စားလှယ်များက မိမိတို့ ကိုယ်စားပြုသည့်လူထုနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရန်၊ လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင် ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပါသည်။

Parliamentary oversight | လွှတ်တော်၏ စောင့်ကြည့်ကြီးကြပ်မှု

WFD worked with parliamentary committees to conduct inquiries in respective policy areas, for example, education and health. As part of this work, WFD supported committees in consulting the public and studying best practices from other countries.

လွှတ်တော်ကော်မတီများက ပညာရေး၊ ကျန်းမာရေး အစရှိသည့် အသီးသီးသော မူဝါဒရေးရာနယ်ပယ်များတွင် စုံစမ်းလေ့လာမှုများ ပြုလုပ်ရာ၌ WFD က ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။     ကော်မတီများက လူထုနှင့်ဆွေးနွေးတိုင် ပင်ရာတွင်လည်းကောင်း၊ နိုင်ငံတကာမှ အကောင်းဆုံးကျင့်သုံးမှုစနစ်များကို လေ့လာရာ၌လည်းကောင်း WFD က လုပ်ငန်းစဉ် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပံ့ပိုးကူညီပေးခဲ့ပါသည်။

Legislation | ဥပဒေပြုခြင်း

WFD delivered comprehensive support to build in-house technical expertise and capacity to create quality legislation. This included, for example, improving the capacity of parliamentary researchers and experts to produce and present information to legislators.

WFD သည် အရည်အသွေးပြည့်ဝသည့် ဥပဒေပြုရေးဖြစ်ပေါ်လာစေရန်အတွက် လွှတ်တော်အတွင်း ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့် စွမ်းရည်တည်ဆောက် မှုကဏ္ဍများတွင်လည်း ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီမှုပေးခဲ့ပါသည်။ သာဓကတစ်ခု အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ သတင်းအချက်အလက် ပြုစုတင်ပြ နိုင်ရန်အတွက် လွှတ်တော်သုတေသနဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးခဲ့ ပါသည်။

Institutional development of Parliament | လွှတ်တော်၏ အင်စတီကျူးရှင်းဆိုင်ရာ ဖွံ့ဖြိုးရေး

WFD provided wide-ranging assistance to Hluttaw administration to help improve parliamentary services in line with Parliament’s 2019-2022 Strategic Plan.

လွှတ်တော်၏ ၂၀၁၉-၂၀၂၂ ခုနှစ် မဟာဗျူဟာအစီအစဉ်နှင့်အညီ လွှတ်တော်ဝန် ဆောင်မှုများကို မြှင့်တင်ရန်အတွက် လွှတ်တော်စီမံအုပ်ချုပ်ရေးကို ကျယ်ကျယ် ပြန့်ပြန့် ပံ့ပိုးကူညီပေးခဲ့ပါသည်။

Civil society engagement | အရပ်ဘက်အဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှု

WFD supported civil society groups to improve their engagement with Parliament and its committees with a view to both enhancing the openness of the parliament as a whole and giving citizens a voice in policy and law-making processes.

လွှတ်တော်တစ်ရပ်လုံး ပိုမိုပွင့်လင်းမြင်သာစေရေးနှင့် မူဝါဒလုပ်ငန်းစဉ်များ၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ အသံပါဝင်နိုင်ရေးအတွက်  အရပ်ဘက်အဖွဲ့အစည်းများနှင့် လွှတ်တော်၊ လွှတ်တော်ကော်မတီများအကြား ချိတ်ဆက်ဆောင်ရွက်မှုအား‌ကောင်းလာစေရန် WFD က ပံ့ပိုးကူညီပေးခဲ့ပါသည်။

Programmes

Strengthening Governance and Accountability in Burma

Status
Completed
10
Planned end date

Strengthening Governance and Accountability in Myanmar (Phase II)

Status
Suspended
0

Contact us

United Kingdom